သံစဉ်မမှန်တဲ့ ဂီတာအိုတစ်လက်နဲ့
မင်းအတွက် သံစဉ်တွေ ရှာဖွေရင်း...
မင်ကုန်ခါနီး ဖောင်တိန်တစ်ချောင်းနဲ့
မင်းအတွက် သီချင်းတွေ သီဖွဲ့ရင်း...
ယိုင်နဲ့နဲ့ သံစဉ်တွေနဲ့ မပီမသစကားလုံးတွေ
မင်းအတွက် ဟစ်ကြွေးသီဆိုရင်း...
မှုန်ဝါးဝါး မျက်ဝန်းတစ်စုံနဲ့
အိပ်မက်များကို တမ်းတရင်း...
မင်းရင်ထဲမှာ ငါ့အတွက် နေရာရှာဖွေရင်း....
မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ.....
ညီမလေး ပန်းရင့်ရောင်အတွက် သီချင်းလက်ဆောင်နဲ့အတူ





2 ယောက်ကဒီလိုမြင်တယ်:
အစ်မရေ
ကဗျာလေးက အရမ်းမိုက်တယ်။ကျေးဇူး လက်ဆောင်အတွက်။
အိပ်မက်များကို တမ်းတရင်း....
မင်းရင်ထဲမှာ ငါ့အတွက်နေရာရှာဖွေရင်း.....
မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ.......
အဲတာလေးကို အရမ်းကြိုက်တယ်....
အင်ကြင်းလည်းပန်းရောင်နဲ့ အတူတူပဲ
မင်းရင်ထဲမှာ ငါ့အတွက်နေရာရှာဖွေရင်း.....
မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ.......
အဲဒီနေရာလေးကို အရမ်းကြိုက်တယ်
Post a Comment