အိုင်တီစစ်တမ်း ကောက်ယူမည်၊ လူတိုင်းပါဝင်၍ ကံစမ်းမဲရယူနိုင်သည် ဆိုပဲ။
မြန်မာနိုင်ငံ၏ ကွန်ပျူတာသုံးစွဲမှု အခြေအနေ၊ အင်တာနက် သုံးစွဲမှုအခြေအနေများကို လေ့လာရန်နှင့် အနာဂတ် မြန်မာနိုင်ငံ၏ အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုကို သုံးသပ်နိုင်ရန် ရည်ရွယ်၍ အောက်တိုဘာ ၁၅ ရက် (ကြာသပတေးနေ့)မှ စတင်ပြီး ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပမည့် မြန်မာအိုင်စီတီပြပွဲ ၂၀၀၉ တွင် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် Novel Light Media တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကွန်ပျူတာသုံးစွဲသူများထံမှ အိုင်တီအခြေအနေ သုံးသပ်ချက် စစ်တမ်းတစ်စောင်ကို ကောက်ယူမည် ဖြစ်သည်။ အဆိုပါ အိုင်တီစစ်တမ်းတွင် ကွန်ပျူတာသုံးစွဲသူတစ်ဦး၏ ကွန်ပျူတာဟာဒ့်ဝဲ သုံးစွဲမှုအခြေအနေ၊ ဆော့ဖ်ဝဲသုံးစွဲမှု အခြေအနေ၊ အင်တာနက်အသုံးပြုမှု အခြေအနေများကို လေ့လာသွားမည်ဖြစ်သည်။
ပြပွဲလာ ပရိသတ်များအနေဖြင့် ပြပွဲခန်းမအ၀င်ဝ ညာဘက်ခြမ်းတွင်ရှိသော ကောင်တာတွင် Myanmar IT Exhibition 2009, IT Survey sheet ကို အခမဲ့တောင်းယူပြီး အဆိုပါပုံစံတွင် မေးထားသော အိုင်တီဆိုင်ရာ မေးခွန်းများကို ဖြည့်စွက်ကာ ပြန်လည်ပေးအပ်ရန် ဖြစ်သည်။ IT Survey sheet ဖြေဆိုသူတိုင်းသည် ပထမဆု ဒေါ်လာ ၆၅၀ တန် လက်ပ်တော့ကွန်ပျူတာတစ်လုံး၊ ဒုတိယဆု ဒေါ်လာ ၄၅၀ တန် ကွန်ပျူတာတစ်လုံး၊ တတိယဆုဒေါ်လာ ၃၀၀ တန် နက်ဘုတ်ကွန်ပျူတာတစ်လုံးနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းနှင့် အခြားဆုမဲပေါင်း ၃၀ ကျော်ကို ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် ပြပွဲဝင်ကုမ္ပဏီများမှ ထပ်မံပံ့ပိုး ချီးမြှင့်သော ဆုမဲများကိုလည်း ပူးတွဲရရှိမည်ဖြစ်သည်။ ထို့ကြောင့် IT Survey sheet ရယူပြီး ပြန်လည်ဖြည့်စွက်ပေးပို့သည့်အခါ ကံစမ်းမဲကူပွန်ကို ပြန်လည်တောင်းယူရန် ဖြစ်သည်ဆိုသည့် သတင်းထူး သတင်းကောင်းကို ရရှိပါတယ်။ ကဲ လက်မနှေးဖို့ အိုင်စီတီပြခန်းကို ချီတက်ကြပါစို့။
ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ဒေါ်လာ ၆၅၀ တန် လက်ပ်တော့ကွန်ပျူတာရမယ်ဆိုပါလား
ရေးသားသူ: yamin| အကြောင်းအရာ:
မျှဝေခြင်း





3 ယောက်ကဒီလိုမြင်တယ်:
it's really? can i try through internet? thanks for your information.
မမသမီးနာမည်နဲ့ တစ်စောင်ဖြည့်ပေးလေ. ပေါက်ရင်တစ်ယောက်တစ်ဝက်ပေါ့.. :P
နာလည်း လုပ်ပေး ဖွားလေး။နော် အချစ်ဆုံး ဖွားလေး ....ကလိမ္မာတယ် ရရင် နင့်တဝက်ပေါ့ အဟတ်...။ဟိတ်ကောင်ကြားတယ်နော်... ရောင်းစားမယ် ဒါပဲ..။
Post a Comment